ကျောင်းကုန်း နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများအား ယနေ့နံနက် ၈ နာရီအချိန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOVAC (ဒုတိယအကြိမ်) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းတို့ ကြည့်ရှုအားပေးခဲ့ပြီး၊ စာရင်းရေး သွင်းခြင်း၊ အပူချိန်တိုင်းခြင်း၊ သွေးပေါင် ချိန်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းတို့၌ အဆင်ပြေချောမွေ့စေရေးမှာကြားခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်ဇွန်လ ၂၂ ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသူ(၉၀၆)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၇၈၈)ဦး၊ လက်ရှိကုသဆဲလူနာ (၆)ဦးနှင့်သေဆုံးသူ (၁၁၂) ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနက သိရသည်။
ဝင်းကြိုင်