ပခုက္ကူ နိုဝင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အဆိုပါမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ နိုဝင်ဘာလ၁၄ရက် နံနက် ၉ နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ပေးကြသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပခုက္ကူခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးထိန်လင်းသိန်း၏အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းဦးဆောင်၍ ဒုတိယလဝကမှူး ဒေါ်အေးသက်မွန်နှင့်ဝန်ထမ်းတို့က ကမ္မမြို့ပေါ်က (၂၄)ဦး၊ ဖောင်းကွဲကျေးရွာအုပ်စုက (၂၁)ဦး၊ ချိုင်ကျေးရွာအုပ်စုက (၃၅)ဦး၊ ရှင်မကန်ကျေးရွာက(၂၁)ဦး၊ မကျီးသုံးပင်ကျေးရွာက (၆)ဦး၊ ကန်တော်ကျေးရွာက (၆)ဦး၊ စဘေကျေးရွာက(၄)ဦး၊ ဖလံအို ကျေးရွာက (၉)ဦး၊ ဘဲကြီးကျေးရွာက (၁)ဦး၊ ညောင်ပင်လှကျေးရွာက (၁၅)ဦး၊ ရေမျက်ကျေးရွာက (၃၀)ဦး၊ ရေလာကျေးရွာက (၂၅)ဦး၊ ကျတ်ထိုးကျေးရွာက (၁)ဦး၊ ပခုက္ကူမြို့၊အမှတ်(၁၃)အခြေခံပညာကျောင်းမှ (၁)ဦး၊ စုစုပေါင်း ကျောင်းသား (၁၀၄)ဦး၊ ကျောင်းသူ(၉၅)ဦး၊ စုစုပေါင်းကျောင်းသား၊ကျောင်းသူ (၁၉၉)ဦးတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးကြသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်မှုကို ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ် လိုသူနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ပျက်စီးသည့် ကျောင်းသား၊ ကျောင်းသူများနှင့်မိဘပြည်သူများအနေဖြင့် မြို့နယ်ဦးစီးမှူးရုံးတွင် သွားရောက် လျှောက်ထားဆောင်ရွက်နိုင်ကြောင်း မှာကြားခဲ့ကြကြောင်းသိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)