မင်းဘူး နိုဝင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း မိသားစုများ စုပေါင်း၍ (၁၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မင်းဘူးမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်းရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဇေယျာသီရိဓမ္မာစရိယ ကျောင်းတိုက် ဆရာတော်အရှင်ပညာစာရ (သာသနဓဇ ဓမ္မာစရိယ) အမှူးပြုသော ဆရာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပရိတ်တရားတော်များနှင့် ကထိန် တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအောင်ဇော်နှင့် ပညာရေးဝန်ထမ်းများက ဆရာတော် အရှင်သူမြတ်များအား ကထိန်သင်္ဃန်းနှင့် လှူဖွယ်ပစ္စည်း များကို ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများပေးဝေခဲ့ ကြပြီးနောက် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းမိသားစုများ စုပေါင်း၍ (၁၈)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်အလှူတော်ဖြစ် မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဇေယျာသီရိဓမ္မာစရိယ ကျောင်းတိုက်အတွင်း မျက်နှာကျက်လှူဒါန်းခြင်း၊ ကထိန်သင်္ဃန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းတို့အတွက် စုစုပေါင်းတန်ဖိုးငွေကျပ် (၁၇)သိန်းခန့်ကို ရေစက်ချလှူဒါန်းနိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မောင်မောင်(မင်းဘူး)