မြောင်းမြ နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ အတွေးအခေါ်အသိအမြင်များ အချင်းချင်း ဖလှယ်တတ်စေရန်၊ စာပေမှရရှိသော အသိအမြင်ဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် အသုံးချတတ်လာ စေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာတိုးတက်မြင့်မားလာပြီး အကောင်းအဆိုး အမှားအမှန် ဝေဖန်ပိုင်းခြားသုံးသပ်နိုင်စေရန် ရည်ရွယ်၍ Book Club အဖွဲ့နှင့် စာဖတ်ဝိုင်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ဆွေးနွေးပွဲပြုလုပ်ရ ခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော စာပေချစ်မြတ်နိုးသူ(Book Club) အဖွဲ့က စာပေအကြောင်းအရာများ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းများကို တစ်ဦးချင်းစီအလိုက် ပါဝင်ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။
ခင်ရူပါအေး