ဇလွန်မြို့နယ် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

ဇလွန်   နိုဝင်ဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များမှ စုပေါင်းကျင်းပသည့် မဟာဘုံကထိန်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က စံတန်းရပ်ကွက် ဖန်ခါးပင်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များက နမောတဿ(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ကြွရောက်တော်မူလာသော သံဃာတော်အရှင်သူမြတ်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်မှ ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် ပဓာနနာယကဆရာတော် ဦးဉာဏ္ဏိတထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ကထိန်ဉာတ်သင်္ကန်းနှင့် ကထိန်အနုမောဒနတရားတော်နာယူ၍ ရေစက်သွန်းချအမျှ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားပြီးဆုံးကြောင်းနှင့် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှုဒါန်းခဲ့ကြကြောင်း သိရသည်။

ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် ဌာနဆိုင်ရာများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ၊ အသင်းအဖွဲ့များမှ စုပေါင်းကျင်းပသည့် မဟာဘုံကထိန်ပွဲ ဆပ်ကပ်လှုဒါန်း ရာတွင် ငွေသားတန်ဖိုး ငွေကျပ် သိန်း(၆၃၇၄၂၀၀) ၊ အလှူပစ္စည်းတန်ဖိုးငွေကျပ် (၂၈၁၅၇၀၀) ၊စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်း (၉၁၈၉၉၀၀)တန်ဖိုးအား လှုဒါန်းခဲ့ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)