ကျောက်ကြီး နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အားကစားကွင်းတွင် ချစ်ကြည်ရေးဖလား အမျိုးသား ဘော်လီဘောပြိုင်ပွဲ ကျင်းပပြုလုပ် ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲအား ဆောင်ရာသီလူထု ကိုယ့်လက်လှုပ်ရှားမှုတရပ်အနေဖြင့် ဒေသခံပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ကျောက်ကြီးမြို့ တပ်နယ်မှူးရုံးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်ပြီး အမျိုးသား ဘော်လီဘောပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၈)သင်းဖြင့် နိုဝင်ဘာ ၁၄ ရက်နေ့မှ (၁၆)ရက်နေ့အထိ နံနက်ပိုင်းနှင့် ညနေပိုင်းများ၌ တစ်ကြိမ်စီ ပြိုင်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)