မြောင်းမြမြို့နယ်၊ တံခွန်တိုင်ကျေးရွာတွင်ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေး နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြောင်း​မြ  နိုဝင်ဘာ  ၁၄

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊​​ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီး ကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ​ ယမန်နေ့ နံနက်(၉း၀၀) နာရီကတံခွန်တိုင်ကျေးရွာဧည့်ခန်းမ​ ဆောင်တွင်အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒု-လဝကမှူး ဒေါ်ဥမ္မာခင် နှင့်  ဝန်ထမ်းများက​  တံခွန်တိုင်  ကေျးရွာရှိ  ပြည်သူများမှ အသက် (၁၆)နှစ်အောက်(၁၅)ဦး ၊အသက် (၁၆-၁၈) နှစ် (၅) ဦး၊အသက်(၁၈)နှစ်အထက်(၁၄)၊တို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ခဲ့ပြီး လဲလှယ် (၅၈)  ၊မိတ္တူ(၅၈) စုစုပေါင်း (၁၅၀) ဦးဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းသိရသည်။

စန္ဒာကြည်