ခမောက်ကြီး နိုဝင်ဘာလ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာ အထက်တန်း ကျောင်းတွင် ယနေ့နံနက် (၀၉၀၀)အချိန်ခန့်က အသက်(၁၂)နှစ် ကလေးငယ်များအား SINOVAC ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောက်တိုဘာလ ၁၇ရက်နေ့က ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်တွင် ပညာသင်ယူလျက်ရှိသောခမောက်ကြီးမြို့ အတွင်းရှိ စာသင်ကျောင်းအသီးသီးမှ အသက်၁၂နှစ်ပြည့် ပြီး ၁၈နှစ် မကျော်သော ကျောင်းသား ကျောင်းသူများ အားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပထမကြိမ်) ထိုးနှံပြီး စီးခဲ့ရာယနေ့နိုဝင်ဘာလ(၁၄)ရက်နေ့တွင် ကိုဗစ်ကာကွယ်စည်းကမ်း ချက်များ နှင့် အညီ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးလျက် ရှိသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို သားဖွားဆရာမ ဒေါ်စန်းစန်းမြင့်နှင့် ကျန်းမာရေးဌာနမှ ဆရာဆရာမများကကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပညာရေးဌာနမှ ဆရာဆရာမများ လိုအပ်သော စာရင်း၊ ဇယားများပြုလုပ်ပေးခြင်းများဆောင်ရွက်ပေးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရူပါမြင့် (ခမောက်ကြီး)