ငါးသိုင်းချောင်း၊ နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်း၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club)၊ (Youth Club) (WomenClub)အသင်းအဖွဲ့ဝင်များ ပူးပေါင်းကျင်းပခဲ့ကြောင်း သိရသည်။
ဆေးရောင်ခြယ်ပြိုင်ပွဲ၌ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၈)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထူးချွန်ဆု ရရှိသူကျောင်းသား၊ ကျောင်းသူ(၁)ဦးအား ဆုချီးမြှင့်ခြင်းနှင့် ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်း သူများအား လက်ဆောင်ပစ္စည်းများ ချီးမြှင့်ခြင်းကို ကိုမောင်မောင်+မခင်သန္တာထွေး (ဆေးဆိုင်) မိသားစုကလှူဒါန်း ပေးအပ်ထားပြီးသက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကလေးငယ်များ၏ကာယ၊ ဉာဏစွမ်းရည်ဖွံဖြိုးတိုးတက်စေရေး၊ စာကြည့်တိုက်သို့ဝင်ထွက် သွားလာ၍ စာပေဗဟုသုတရှာမှီးတတ်သည့် အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်ဆောင် ရွက်ပေးခြင်း ဖြစ်ကြောင်း မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်နှင်းယုဝေ ကပြောကြား ထားကြောင်းသိရှိရသည်။
ကိုဦး(ငါးသိုင်းချောင်း)