ဝါးခယ်မ နိုဝင်ဘာ ၁၄
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ယမန်နေ့ နံနက်(၈)နာရီက ကျေးရွာအုပ်စု(၂)အုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အဖွဲ့များခွဲကာ ကံကွင်း ကျေးရွာ အုပ်စု၊ ဂန်ချောင်းကျေးရွာအုပ်စုရှိ ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက်(၁၀)နှစ်ပြည့် (၂၆)ဦး၊ အသက် (၁၈)နှစ်ပြည့် (၅၅)ဦး၊ မိတ္တူ(၂၅)ဦး၊ လဲလှယ်(၄၆)ဦး စုစုပေါင်း (၁၅၂)ဦးနှင့် ပြောင်းရွှေ့အိမ်ထောင်စု (၉) စုတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)