ကြာအင်းဆိပ်ကြီး နိုဝင်ဘာ ၁၄
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၁)ရပ်ကွက် မြို့မ ဘောလုံး အားကစားကွင်းရှိ အလေးမအားကစားရုံ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ ဘောလုံးဒိုင် အဖွဲ့ဝင်များ ပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်း၏ အုပ်ချုပ်သူ နည်းပြများနှင့် ဘောလုံး အသင်းခေါင်းများ တက်ရောက်ကြပြီး ပြိုင်ပွဲစည်းမျဉ်း စည်းကမ်း ဥပဒေများ ပြိုင်ပွဲအား အောင်မြင်စွာကျင်းပပြုလုပ်နိုင်စေရေးအတွက် အကြံပြု ဝိုင်းဝန်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။
၎င်းအသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ရွာအုပ် ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း (၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကိုနိုဝင်ဘာ(၂၅)ရက်နေ့မှစတင်ကာ ကြာအင်း ဆိပ်ကြီးမြို့ မြို့မဘောလုံးအားကစားကွင်း၌ ပြုလုပ်ကျင်းပသွား
မည်ဖြစ်ကြောင်းသိရသည်။
မျိုးမင်းဦး