ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် တွေ့ရှိခြင်းမရှိ ၊ ၁ ဦး ပြန်လည်ကျန်းမာလာ

ဟားခါး          နိုဝင်ဘာ          ၁၄

ဟားခါးမြို့၌ ယမန်နေ့တွင် သံသယရှိသူ ၁၀ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ‌ခြင်းမရှိဘဲ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံရနေသူများအနက် ၁ ပြန်လည်ကျန်းမာလာခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၁၃၁၁ ဦး၊  ဆေးရုံဆင်းခွင့်ရသူ ၁၂၄၄ ဦး၊ သေဆုံးသူ ၄၁ ဦး၊ ဆေးကုသမှုခံယူဆဲ ၂၆ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)