အောင်လံမြို့နယ် သစ်ခေါင်းတီးကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

အောင်လံ နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာဦးစီး ဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီက သစ်ခေါင်းတီးကျေးရွာ စာသင်ကျောင်းတွင်  ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာဦးစီးဌာနမှ ဒုလဝကမှူး ဦးမျိုးဝင်းအောင် ဦးစီးသော ဝန်ထမ်းများအဖွဲ့က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါကွင်း ဆင်းဆောင်ရွက်မှုတွင် သစ်ခေါင်းတီးကျေးရွာ အတွင်းရှိ  အသက်(၁၆)နှစ်အထက် နိုင်၃က(၅၅)ဦး၊ နိုင်၆က(၇၃)ဦး၊  စုစုပေါင်း(၁၂၈)ဦးတို့အား ပြုလုပ်ပေးနိုင်ခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် လျာထားဦးရေ (၂၈၇၉)ဦး လျာထားသော်လည်း ယနေ့အထိ ဆောင်ရွက်ပြီးစီးမှုမှာ (၃၆၆၈)ဦးထိ ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)