မြောင်းမြမြို့နယ်၊ မဲကျော်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြောင်း​မြ နိုဝင်ဘာ ၁၄

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊​​ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ​ ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်​က မဲကျော်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲတွင် အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ​ဒေါ်အေးအေးနှင့်  ဝန်ထမ်းများက​ နိုဝင်ဘာလ ၁၂ ရက်မှ ၁၃ရက်နေ့အထိ မဲကျော်ကျေးရွာရှိ  ပြည်သူများမှ အသက် (၁၆)နှစ်အောက် (၃၁)ဦး၊ အသက် (၁၆-၁၈) နှစ် (၇၀) ဦး၊ အသက်(၁၈)နှစ်အထက် (၁၀၉)တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပြီး လဲလှယ် (၁၉)၊ မိတ္တူ(၃၅) စုစုပေါင်း (၂၆၄) ဦးဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

စန္ဒာကြည်