မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၁) တက်ရောက်

မကွေး နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၁)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက်လမ်းညွှန်အမှာစကား ပြောကြား သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ၏ လုပ်ငန်းတာဝန်များကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ သတ်မှတ်ပေးထားပြီး လုပ်ငန်းတာဝန်များအား တည်ဆဲဥပဒေများနှင့်အညီ တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံ သဘောထားမှတ်ချက် ရယူ၍ စိစစ်ခြင်း၊ ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအနေဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရာမှာ နိုင်ငံတော် စီးပွားဖွံ့ဖြိုး တိုးတက်ရေး ဒေသခံများ မြေယာမဲ့နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင် ရေးနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းများ မွေးမြူရေးလုပ်ငန်း များ ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်းများ အစိုးရကခွင့်ပြုသော ဥပဒေနှင့် ညီညွတ်သည့် အခြား လုပ်ငန်းများအား ထိရောက်မှန်ကန်စွာ အသုံးချနိုင်ရေးတို့ကို ရှေ့ရှု၍ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အညီ ဆက်စပ်ပတ်သက်သည့်ဌာန အဖွဲ့အစည်း အားလုံးနှင့် ချိတ်ဆက်ပြီး အောင်မြင်မှုရရှိအောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြောကြား သည်။

ဆက်လက်၍ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး က တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီသို့ ရာသီသီးနှံ၊ စက်မှု ကုန်ကြမ်းရာသီသီးနှံ၊ နှစ်ရှည်ပင်၊ ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးမှုအတွက် လုပ်ပိုင်ခွင့်အသုံးပြုခွင့် ပုံစံ(၁) လျှောက်ထားမှုများ၊ မွေးမြူရေးလုပ်ငန်းအတွက် အသုံးပြုခွင့်ရရှိရန် ပုံစံ(၂) လျှောက်ထားမှုများ၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် အသုံးပြုခွင့် ရရှိရန် ပုံစံ(၃)ဖြင့် လျှောက်ထားလာသည့် အမှုတွဲများနှင့် အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းအတွက် လုပ်ပိုင်ခွင့် အသုံးပြုခွင့်လျှောက် ပုံစံ(၄)ဖြင့် လျှောက်ထားလာသည့် အမှုတွဲများနှင့် ပတ်သက်၍ ဆုံးဖြတ်နိုင်ရေး ဆွေးနွေးတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ တင်ပြဆောင်ခဲ့မှုအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲက စိစစ်ခြင်းခွင့်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ