ထားဝယ် နို၀င်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဧကာဒသမအကြိမ်မြောက်စုပေါင်း မဟာဘုံ ကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊လောကမာရဇိန် ဘုရားကြီးဓမ္မာရုံ၌ကျင်းပရာရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက မြတ်စွာ ဘုရားရှင်တော်မြတ်အား ရွှေကြာသင်္ကန်း နှင့်ပန်း၊ ရေချမ်း၊ ဆီမီးများအားဆက်ကပ်လှူဒါန်းပူဇော်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသောတက်ရောက်လာကြသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး ထားဝယ်မြို့၊ ဃောသိတရာမပါဠိတက္ကသိုလ်ကျောင်း ပဓာနနာယကဘဒ္ဒန္တ ပညာသာမိ မထေရ်မြတ်ထံမှငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်အရှင်သူ မြတ်များထံမှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထိုနောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က သံဃာတော်အရှင်သူမြတ်များအား ကထိန်ညှပ်သင်္ကန်းနှင့် လှူဘွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်း၍ ထားဝယ်မြို့၊ ဇေယျဝတီကျောင်းတိုက်၊ ဘဒ္ဒန္တနန္ဒဝံသမထေရ်မြတ်ထံ တော်မှ အနုမောဒနာတရားနားကြား၍လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြ သည်။
ဆက်လက်၍ တက်ရောက်လာသူများကအခမ်းအနားကို“ဗုဒ္ဓသာသနံ စိရံတိဌတု “သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ရုပ်သိမ်းပြီး ဧကာဒသမအကြိမ်မြောက်စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်း အနားအောင်မြင် ကြောင်းအထိမ်းအမှတ် အဖြစ် ရတနာရွှေမိုး ငွေမိုးရွားသွန်းဖြိုးသည်။
ဧကာဒသမအကြိမ်စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားတွင်ငွေပဒေသာပင်( ၁၁၃ ) ပင် လှူဒါန်းရရှိပြီး စုစုပေါင်း( ၄၉၂ သိန်း ၆သောင်း ၅ထောင်၃ ရာ)ကျပ်အလှူခံရရှိကာငွေပဒေသာ ပင်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)