ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် (ဒုတိယနေ့)တွင် ၄၆၀ ဦးအားထိုးနှံပေး

ဖလမ်း  နိုဝင်ဘာ ၁၃

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အောက်တိုဘာလ ပထမပတ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး (Sinopharm)(ပထမအကြိမ်)ထိုးနှံပြီးခဲ့သည့် အသက်(၁၈)နှစ်နှင့် အသက်(၅၅)နှစ် အထက်ပြည်သူများ နှင့်ဦးစားပေးအလိုက် သတ်မှတ်ထားသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှ စတင်ကာ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ဆက်လက်ထိုးနှံ‌ပေး လျက်ရှိကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ဒုတိယအကြိမ် ထိုးနှံပေးရာတွင် ကာကွယ် ဆေးလာ ရောက်ထိုးနှံသူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်း ချက်များနှင့်အညီ ပါးစပ်နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်း၊ သတ်မှတ်ထားသည့် အကွာ အ‌ဝေးအတိုင်း စနစ်တကျတန်းစီ‌ စေပြီး‌နောက်ကာကွယ်ဆေး မထိုးနှံပေးမီ ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊လက်သန့် စင်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ဆေးထိုးမှတ်တမ်းများ ရေးသွင်း ခြင်း ပြုလုပ်ပြီးနောက် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်(ဒုတိယနေ့)တွင် ကျား (၂၃၅)ဦးနှင့် မ (၂၂၅)ဦး စုစုပေါင်း ( ၄၆၀ )ဦးတို့ကိုထိုးနှံပေးခဲ့သည်။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် (ဒုတိယနေ့) ထိုးနှံပေးနေမှုအား ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်ခေါင်တို့က ကြည့်ရှုအားပေး ခဲ့ကြ ကြောင်း သိရသည်။

ကိုရှိန်း