ပြွန်တန်ဆာမြို့၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ညောင်လေးပင် နိုဝင်ဘာ ၁၂ ရက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့တွင် ယနေ့ နံနက် ၉ နာရီအချိန်ကစ၍ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  စတင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ပြွန်တန်ဆာမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ရပ်ကွက်ကျေးရွာအတွင်းရှိ ဦးတည် အုပ်စုများတွင် ပါဝင်သော အသက်(၁၈) နှစ်အထက်  ပြည်သူများအား သီတဂူစက္ခုဒါနဆေးရုံ  ဝန်းအတွင်း၌  ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ် ကြောင်းသိရသည်။

အဆိုကာကွယ်ဆေးထိုးနှံပေးခြင်းအား  ကျန်းမာရေးဝန်ထမ်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  စေတနာ့ ဝန်ထမ်းများ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ ၁၃ ရက် တွင်လည်း ကာကွယ်ဆေး ရရှိမှုအပေါ်မူတည်၍ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်