ချင်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၁) သို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်

                                    ဟားခါး            နိုဝင်ဘာ       ၁၁

ချင်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၁/၂၀၂၁)ကို ယနေ့နံနက်၁၀နာရီတွင် ချင်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေဟာ မြေသယံဇာတ များကို စနစ်တကျခွဲဝေ သုံးစွဲမှုဖြစ်စေရန် ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအပေါ် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံခန့်ခွဲနိုင်ရန်နှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်များကို စနစ်တကျ စီမံခန့်ခွဲအသုံးချနိုင်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုတို့၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၌ ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ပြဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဥပဒေအရ ပြည်နယ်လုပ်ငန်းကော်မတီ အနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းတွင် နှစ်ရှည်ပင်၊ ဥယျာဉ်ခြံ၊ စက်မှုကုန်ကြမ်းနှင့် ရာသီသီးနှံ တို့အတွက် ဧက ( ၃၀၀ ) ထက်မပိုဘဲ ခွင့်ပြုပေးနိုင်သည့်လုပ်ပိုင်ခွင့် အပ်နှင်းထားပြီး ဧက ( ၃၀၀ ) အထက်များသော လုပ်ငန်းပမာဏကို ပြည်နယ်လုပ်ငန်းကော်မတီ၏ စိစစ်ချက်နှင့်တကွ ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်များဖြင့် ဗဟို ကော်မတီသို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တင်ပြသွားမှာ ဖြစ်ကြောင်း ၊ ယနေ့ကျင်းပပြုလုပ်တဲ့ အစည်းအဝေးတွင် ယခင်အစည်းအဝေး၌ ဆုံးဖြတ်ပြီး ဗဟိုကော်မတီသို့ တင်ပြထားသည့် အမှုတွဲ (၇) တွဲနှင့် ပြည့်စုံပြီး အမှုတွဲပေါင်း     (၂၉) တွဲအား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီ ၊ မညီ ပြည်နယ်လုပ်ငန်းကော်မတီမှ စုပေါင်းဆွေးနွေး ရမည်ဖြစ်၍ ပွင့်ပွင့်လင်းလင်း ပါဝင်ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမြင့်ကြိုင်က အမှုတွဲ တစ်ခုချင်းစီအလိုက် ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် အစည်းအဝေး တက်ရောက် လာကြ သည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီဝင်များက အကြံပြု မေးမြန်း ဆွေးနွေးကြရာ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ စစ်ဗျူဟာအခြေချ၊ ဟားခါးမှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းဝင်းတို့က ပေါင်းစပ်ညှိနှိုင်းကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။

မောင်တက်လမ်း