ဟားခါး နိုဝင်ဘာ ၈
ဟားခါးမြို့၌ ယမန်နေ့တွင် သံသယရှိသူ ၃၆ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၆ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်။
ဟားခါးမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၁၃၀၀ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၂၃၉ ဦး၊ သေဆုံးသူ ၄၁ ဦး၊ ဆေးကုသမှုခံယူဆဲ ၂၀ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။