ကျောင်းကုန်းမြို့တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာ​ပေး နံရံကပ်စာစောင်ပြပွဲပြသ

ကျောင်းကုန်း  သြဂုတ် ၁၉

ပြည်သူများအား လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး နံရံကပ်စာစောင်ပြပွဲကို  ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက စတင်ပြသခဲ့သည်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေး နံရံကပ်စာစောင်၌ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့် နည်းလမ်းများ၊ လူကုန်ကူးမခံရစေရန် သတိပြု ရမည့်အချက်များ၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့် ပြစ်ဒဏ်များ၊ အသိပေးတိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့် ကဗျာ၊ ကာတွန်းများကို ထည့်သွင်းပြသ ဆောင်ရွက်ထားပြီး  ၂၁ ရက်နေ့အထိ ပြသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)