ဝေါ ဩဂုတ် ၁၉
ဝေါမြို့နယ်တွင်အခြေခံပညာ အလယ်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် Covid-19 ကြိုတင်ကာကွယ် တားဆီးရေး အခြေအနေများကို မြို့နယ်ပညာရေးမှူးနှင့် နယ်မြေမှူးအဖွဲ့(၂)ဖွဲ့တို့က ဝေါမြို့ပေါ်နှင့် ကျေးရွာများရှိ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းများအား လိုက်လံစစ်ဆေး ခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာ၌ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် Covid-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး အတွက်ကြိုတင်စီစဉ် ဆောင်ရွက်နေမှု အချက် (၈၀) အား စစ်ဆေးခဲ့ပြီးကျောင်းများ ပြည်လည်ဖွင့်လှစ်ရမည့် အချိန်ကို ထပ်မံညွှန်ကြားမည်ဟုသိရသည်။
ဝေါမြို့နယ်တွင် အခြေခံပညာ အထက်တန်းအဆင့်ကျောင်းပေါင်း (၂၈)ကျောင်းရှိရာ Covid-19 ကြိုတင် ကာကွယ် တားဆီးရေးအဆင့်(A)ရရှိ၍ အထက်တန်း အဆင့် ကျောင်းများအားလုံးပြန်လည် ဖွင့်လှစ် နိုင်ပြီဖြစ် ကြောင်းသိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)