လှိုင်းဘွဲ ဩဂုတ် ၁၉
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှ သစ္စာစီမံချက်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က အထက်ရေပူကျေးရွာ၌ ပြုလုပ်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြိုနယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး ဦးစန်းရှိန်မျိုးဝင်းဦးစီး၍ ဝန်ထမ်းများက အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ ပျောက်ဆုံးပျက်ဆီးသူများအား စာရင်းကောက်ယူကာ စစ်ဆေးဆောင်ရွက်ခြင်းများပြုလုပ်ပြီး ကျား (၆၁) ဦး၊ မ (၆၃) ဦး၊ စုစုပေါင်း (၁၂၄)ဦးအား နိုင်ငံသားစိစစ်ဆေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)