လှိုင်းဘွဲမြို့နယ်တွင် အမျိုးသမီးငယ်များ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန် အသိပေးနှိုးဆော်

လှိုင်းဘွဲ ဩဂုတ် ၁၉

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အမျိုးသမီးငယ်များ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှု လျော့ကျစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်ဆေး HPV (Human Papilloma Virus) ထိုးနှံနိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးကို အသက် (၉) နှစ်မှ (၁၀) နှစ်ပြည့်ပြီးသူ အမျိုးသမီးငယ်များအား (အခမဲ့) ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပြီး လှိုင်းဘွဲမြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များအနေဖြင့် ဩဂုတ်လ (၁၈) ရက်နေ့က စာရင်းသွင်းကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ ကျန်းမာရေးဌာနခွဲ၊ အုပ်ချုပ်ရေးမှူးရုံးများတွင် စာရင်းများလာရောက်ပေးသွင်းနိုင်ပါကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)