ရွှေသောင်ယံ ဩဂုတ် ၁၉
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စု၊ အုန်းချောင်းကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီက သဘော့ကန်ကျေးလက် ကျန်းမာရေးဌာနအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများက ကျေးရွာအတွင်း အိုင်အိုဒင်းဆား သုံးစွဲမှုရှိ/မရှိ ကို ကျေးရွာအတွင်းရှိ ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး၍ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဈေးဆိုင်များ၌ ရောင်းချသောဆားများတွင် အိုင်အိုဒင်းဓာတ် ပြည့်ဝမှု ရှိ/မရှိ တို့ကို စစ်ဆေးပြီး၊ ဆိုင်ရှင်များကို အိုင်အိုဒင်းဆား စနစ်တကျထားသိုပုံတို့ကို ရှင်းလင်းပြသပေးခဲ့သည်။ အုန်းချောင်းကျေးရွာတွင် ဈေးဆိုင်(၁၀)ဆိုင်အား စစ်ဆေးဆောင်ရွက်ခဲ့ရာ ရောင်းချသော ဆားများမှာ အိုင်အိုဒင်းဓါတ်ပါဝင်မှု ပြည့်ဝသည်ဟု စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
ကိုကိုမောင်၊ ပြန်/ဆက်