ကောလင်းမြို့နယ်၌ လျှပ်စစ်မီးဘုတ်ခုံ အပူလွန်ကဲရာမှ လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

ကောလင်း သြဂုတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် မင်းကုန်းအုပ်စု၊ ယနေ့ နံနက် ၈ နာရီ ၄၀မိနစ်ခန့် လျှပ်စစ်မီးဘုတ်ခုံ အပူလွန်ကဲ့ရာမှ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုဖြစ်နေသည့် နေအိမ်သို့ အချိန်မီ မီးငြိမ်းသတ်နိုင်ရေး မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်သေး၊ ကျောက်တန်းနယ်မြေစခန်းမှ သန္ဓေ ၅ ဦး၊ မီးငြိမ်းသတ် ယာဉ်တစ်စီးနှင့် ကျောက်ပြင်သာ နယ်မြေစခန်းမှ သန္ဓေ(၁+၃)ဦး၊ မီးငြိမ်းသတ်ယာဉ် တစ်စီး အား စေလွှတ်ခဲ့သည်။

မီးလောင်မှုဖြစ်ပွားသည့် နေရာသို့ ကျောက်တန်းနယ်မြေ မီးသတ်စခန်းနှင့် ကျောက်ပြင်သာ နယ်မြေမီးသတ်စခန်းမှ ရောက်ရှိခဲ့ပြီး ၉ နာရီ ၆ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ကျောက်ပြား (အပါး) ကာ လူနေအိမ်တစ်လုံးနှင့် ပရိဘောဂပစ္စည်း မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့ပြီး စုစုပေါင်းပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ၁၉သိန်းဖြစ်သည်။ မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင် ဦးကျော်ဇင်ထူး၊ အသက် ၅၄နှစ်၊ (ဘ) ဦးနီ အား ကောလင်းမြို့နယ် ခန်သာရဲစခန်းမှ  ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)