မင်းလှ၌ ယာယီပျံကျဈေးအား မြို့မဈေးကြီးအတွင်း ပြန်လည်‌ဖွင့်လှစ်ရောင်းချခွင့်ပြု

မင်းလှ  နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုလျော့ကျလာသဖြင့် ယနေ့ နံနက် နာရီမှစတင်၍ ယာယီပျံကျဈေးအား မြို့မဈေးကြီးအတွင်း ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြု ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှသိရသည်။

မင်းလှမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကူးစက်မှုများဖြစ်ပေါ်လာခဲ့သဖြင့် ဇူလိုင်လ ရက်နေ့မှစ၍ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အဓိကလူစည်ကားရာ နေရာဖြစ်သည့် စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးအား ယာယီပိတ်သိမ်းထားခဲ့ရာ မြို့မဈေးကြီးကို စက်တင်ဘာ ၁၄ ရက်နေ့မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ရောင်းချစေခဲ့ပြီး ယနေ့နံနက်မှစတင်၍ အထက မင်းလှ(မြို့တွင်း) ဘောလုံးကွင်းနေရာတွင်ထားရှိသော ယာယီပျံကျဈေးအား  ပြောင်းရွှေ့ ခွင့်ပြုရောင်းချစေခဲ့ကြောင်းသိရသည်။

မြို့မဈေးဖွင့်လှစ်ရောင်းချရာတွင် ဈေးရောင်းချသူ/ဈေးဝယ်ယူသူများအနေဖြင့် နံနက်() နာရီမှ နေ() နာရီထိ ဈေးရောင်းဝယ်ရန်သတ်မှတ်ထားပြီး၊ ဈေးရောင်းချသူများ တစ်ဦးနှင့်တစ်ဦး()ပေ အကွာမှ ရောင်းချရန်နှင့် ခပ်ခွာခွာမှဈေးဝယ်ရန်နှင့်ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ရောင်းဝယ်ရန် စည်းကမ်းချက်များ ထုတ်ပြန်ထားပြီး လိုက်နာမှုမရှိပါကတည်ဆဲဥပဒေနှင့်အညီအရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)