နတ်မောက် နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာ သွန်းမှုကြောင့် ဆည်အောက်ရှိတောင်သူများစိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက် ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ ယနေ့နံနက် (၆)နာရီအချိန် တိုင်းထွာချက်အရ( ၀ ဒသမ ၅)ပေ ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံကသိရသည်။
နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် နိုဝင်ဘာလ (၃) ရက်နေ့တွင် တမံရေပြည့်အမှတ် (၆၈၃)ပေ၊ လက်ရှိရေအမှတ်( ၆၈၃ ဒသမ ၆ )ပေရှိ၍ ( ၀ ဒသမ ၆ )ပေ ခန့်ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယနေ့နံနက်(၆)နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ်( ၆၈၃ ဒသမ ၅ )ပေရှိပြီး ( ၀ ဒသမ ၅) ပေ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိ ကြောင်းသိရသည်။
နတ်မောက်ရေလှောင်တမံရေပိုလွဲမှရေကျော်ကျမှု လျော့နည်းလာသော်လည်း တမံအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့်တမံရေပိုလွှဲမှရေကျော်ကျမှုအခြေအနေများကို တမံအောက် ဘက်ရှိ ဒေသခံပြည်သူများသိရှိ အောင်ဆောင်ရွက်ထားကြောင်း၊ မျက်မြင်စစ်ဆေးမှု အခြေအနေ များအရ တမံနှင့်တမံဆက်စပ်ရေအား အဆောက်အအုံများအားလုံး ကြံ့ခိုင် ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း ရေကင်းဂျူတီချကာ (၂၄) နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း အချိန်နဲ့တပြေးညီ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနမှ တာဝန်ခံ ဦးထိန်လင်းထံက သိရသည်။
သင်းသင်းမြတ်