ကျောက်တံခါးမြို့နယ်တွင် ဒေသခံပြည်သူများ စာဖတ်ရှုလေ့လာနိုင်ရန် Mobile Library စနစ်ဖြင့် အခမဲ့စာအုပ်ငှားရမ်းခြင်း ကွင်းဆင်း​ဆောင်ရွက်

ကျောက်တံခါး  ဩဂုတ်  ၁၉

ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်တွင်ဒေသခံပြည်သူများ စာအုပ်စာစောင်များကို အလွယ်တကူလေ့လာဖတ်ရှုနိုင်ရေးအတွက် နယ်လှည့် စာငှားဝန်ဆောင်မှု(Mobile Library)စနစ်ဖြင့် အခမဲ့စာအုပ်စာစောင်များငှာရမ်းပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးဝန်ထမ်းများမှ ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာန၊ စာရင်းစစ်ဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့သို့ သွားရောက်​​ ဆောင်ရွက်ပေးခဲ့သည်။

နယ်လှည့်စာငှားဝန်ဆောင်မှု Mobile Library စနစ်ဖြင့် စာအုပ်ငှားရမ်းပေးခြင်းကို စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်  ဌာန ဆိုင်ရာဝန်ထမ်းများ၊ စာကြည့်တိုက်နှင့် အလှမ်းဝေးသည့် ရပ်ကွက်များအတွင်းရှိ ဒေသခံပြည်သူများအား တစ်ပတ်လျှင် တစ်ကြိမ် အလှည့်ကျ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

စန်းစန်း(ပြန်/ဆက်)