ကျွန်းလှ နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသောင်းထိုက်နှင့် အဖွဲ့ဝင်များသည် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သဖန်းဆိပ်ဆည်တာဝန်ခံ ဦးသက်ဝေထွန်း တို့နှင့်အတူ ယမန်နေ့ နံနက် ၁၁ နာရီခန့်က သဖန်းဆိပ်ဆည် ရေဝင်ရောက်မှု အခြေအနေ၊ မြေသားတမံနှင့် ပင်မရေပိုလွှဲတံခါးများ ကြံ့ခိုင်မှုအခြေအနေနှင့် လုံခြုံရေးအဖွဲ့ တာဝန်ချထားမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)