ကော့သောင်း နိုဝင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်၁၉ကာကွယ်ဆေး Sinopharmအား ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်း က ဆေးထိုးစုရပ်အသီးသီး ၌ အသက်၁၈နှစ်အထက်ပြည်သူများအား ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ထိုးနှံ ပေးခြင်းဖြစ်ပြီး ဆေးထိုးနှံနေမှုအခြေအနေများကို စစ်ဗျူဟာအဖွဲ့(ကော့သောင်း) စစ်ဗျူဟာမှူး ၊ဗိုလ်မှူးကြီးအောင်ဇော်လင်း၊ ကော့သောင်းခရိုင်၊စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် တာဝန်ရှိသူများကလိုက်လံကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ကော့သောင်းမြို့နယ်အနေဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လအတွင်းက သံဃာတော်နှင့်သီလရှင်များ၊ သက်ကြီးရွယ်အိုများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အသက် (၁၈)နှစ်နှင့် အထက် မြို့နေပြည်သူများ အပါအဝင် လူဦးရေစုစုပေါင်း(၅၄၂၅)ဦးအား အိန္ဒိယနိုင်ငံထုတ် COVISHIELD ကာကွယ်ဆေး(၂)ကြိမ်စီ အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခု တရုတ် နိုင်ငံထုတ် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး Sinopharm ဖြင့် အသက်၁၈နှစ်အထက် မြို့နေ ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာလ လဆန်းပိုင်းကျန်းမာရေးဌာန၏ စာရင်းအရ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူ (၃၂၀၀၀)ကျော် နှင့် နှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ (၂၅၀၀၀)ကျော်ခန့်ရှိပြီးဖြစ်ကြောင်း၊အလားတူ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး Sinovac ဖြင့် အသက်(၁၂)နှစ်အထက်ကျောင်းသား/သူ (၂၀၀၀)ကျော်ခန့် ကိုလည်း ဆေးတစ်ကြိမ်စီ ထိုးနှံ ပေးပြီးဖြစ်ကြောင်း၊လာမည့် ၂၀၂၁ခုနှစ် နှစ်အကုန်ပိုင်းတွင် မြို့နေ့လူဦးရေ၏ ၅၀ရာခိုင်နှုန်းခန့် ကို ကာကွယ်ဆေးထိုးနှံမှုပြီးစီးနိုင်ကြောင်း ခရိုင်ဆရာဝန်ကြီးဒေါက်တာလင်းထိုက်၏ ပြောပြ ချက်အရသိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန်စာရင်းပေးထားသည့်မြို့နေ့ပြည်သူမည်သူ့ကိုမဆို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအထိ သတ်မှတ်ရက်များအလိုက် ဆေးထိုးအဖွဲ့ များဖြင့် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ကျော်စိုး (ကော့သောင်း)