ပန်းတောင်းမြို့နယ်တွင် အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်လှစ်

ပန်းတောင်း နိုဝင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (ပထမ) ၆ လ၊ ပြည်ထောင်စုရန်ပုံငွေဖြင့် "အခြေခံ အပ်ချုပ်စက်သင်တန်း" ကို ကျေးလက်နေပြည်သူများအား တစ်နိုင် တစ်ပိုင် အသေးစား စီးပွားရေးလုပ်ငန်းများ ထူထောင် ခြင်းနှင့် အတူ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် လူမှုဘဝအဆင့်အတန်း မြင့်မားလာစေရေး အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍  ယမန်​နေ့ နံနက်ပိုင်းတွင် သရက်လိန် ကျေးရွာအုပ်စု၊ သူရဲဇီးကျေးရွာ  ဓမ္မာရုံ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားအား ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်းမှ တက်ရောက်အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဒေါ်မေသူစိုးမှ သင်တန်း ဖွင့်လှစ်ပေးရခြင်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ 

သင်တန်းကို နိုဝင်ဘာ (၁)ရက်နေ့မှ (၃၀)ရက်နေ့ထိ (၁)လ စာတွေ့၊ လက်တွေ့၊ သင်တန်း ပို့ချပေးသွား မည်ဖြစ်ပြီး သူရဲဇီးကျေးရွာနှင့် အနီးနားကျေးရွာများမှ သင်တန်းသူ(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရ သည်။

သင်းသင်းအေး (ပြန်ဆက်)