မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ် (၂၀၄၆) ဦးရှိ

မြို့သစ် သြဂုတ်  ၁၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အသက် (၉) နှစ်ပြည့်ပြီး (၁၀) နှစ်အတွင်း အမျိုးသမီး ငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန်အတွက် သြဂုတ်လ(၁၄)ရက် မှ (၁၇) ရက်အထိ ရပ်ကွက်နှင့် ကျေးရွာများတွင် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက စာရင်းကောက်ယူခဲ့ရာ ကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ် နှစ်ထောင်ကျော်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရာတွင် ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁) ရက်မှ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်အတွင်း  မွေးဖွားသည့် အသက် (၉) နှစ်ပြည့်ပြီး (၁၀) နှစ် အတွင်း   အမျိုးသမီးငယ်များအား တစ်နိုင်ငံလုံးစီမံချက်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် မြို့နယ် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ပြီး မြို့သစ်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ် (၂၀၄၆) ဦး ရှိကြောင်း သိရသည်။

ဝင်းအိဇွန်( ပြန် / ဆက်)