ရှင်ဗွေယန် ချောင်းတံတားအောက်တွင် သစ်တုံးများ ကန့်လန့်ဖြတ် တင်ကျန်နေမှုအား ဖယ်ရှား ရှင်းလင်းခြင်းဆောင်ရွက်

ရှင်ဗွေယန်  ဩဂုတ် ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြို့ပေါ်ရပ်ကွက် (၁) နှင့် ရပ်ကွက် (၂) ကို ဆက်သွယ်ထားသော ရှင်ဗွေယန်ချောင်း တံတားအောက်၌ သစ်ပင်များ၊ သစ်တုံးများ ကန့်လန့်ဖြတ် တင်ကျန်နေမှုအားနေ့ မွန်းလွဲ (၃) နာရီတွင် ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ရာ၌ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရှင်ဗွေယန်မြို့ နယ်မြေမီးသတ်စခန်း တာဝန်ခံ က်ထောက် မီးသတ်ဦးစီးမှူးဦးသန်းမင်းဇော် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက သွားရောက် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

လင်းသွယ်ဦး(မြို့ ပြန်/ဆက်)