ပန်ဆောင် အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများ အသင်းမှ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်၌ ပြုလုပ်ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "အသိနှင့်ပညာ"စာအုပ်ဖြင့် အသင်းအတွင်းရေးမှူး ဒေါ်အလက်ာခင်ခင်က အခန်း(၂)ပါ "သွားလျှင်တစ်တိုင်နားလျှင် တစ်ထိုင်" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်ဂျုးဒါက အခန်း(၃)ပါ "တစ်ခုချင်းစီ၏ သီးသန့်ဖြစ်ခြင်း သဘော" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်ခင်သီတာအောင်ကအခန်း(၄)ပါ "ပူးပေါင်းဆောင်ရွက်ခြင်း" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးထွန်းထွန်းက အခန်း(၅)ပါ "ဘာလို့မဖြစ်ရမှာလဲ" ခေါင်းစဉ်ဖြင့် လည်းကောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)