ထန်းတပင်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးစပါးအထွက်နှုန်း မှတ်တမ်းတင် စံကွက်ရိတ်သိမ်းပွဲကျင်းပ

ထန်းတပင် (ပဲခူး) အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အောင်မင်္ဂလာကျေးရွာအုပ်စု ကွင်းအမှတ် (၄၅၅)၊ ဦးပိုင်အမှတ် (၅၁/၄)တောင်သူ ဦးပြုံး၏ လယ်တွင် ဆင်းသုခစပါးမျိုး စိုက်ခင်း(၅ )ဧကတွင် မိုးစပါးအထွက်နှုန်း မှတ်တမ်းတင်စံကွက်ရိတ်သိမ်းပွဲအား ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားသို့ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကိုကိုစိုးနှင့် ဌာနဆိုင်ရာများ တောင်သူများ ပူးပေါင်း၍ တောင်သူ ဦးပြုံး၏ မိုးစပါးဆင်းသုခစိုက်ခင်း (၅) ဧကတွင် (၆.၆)ပေ ပတ်လည် စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်း အခြေက်တင်း (၁၂၁.၀၉) တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှု အခြေအနေနှင့် အောက်ဆီဂျင်ဖြည့်သွင်းခြင်း လုပ်ငန်းများကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ထန်းတပင် -အုန်းပင်-ပွဲသာ-မြို့စိုး-သံလျှက်စွန်းလမ်း မိုင်တိုင်အမှတ်(၂/၂-၃/၆)အထိ (၁)မိုင် (၄) ဖာလုံ လမ်းကတ္တရာ ထပ်ပိုး လွှာခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။  

သဇင်