ရွှေတောင် သြဂုတ် ၁၉
ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ဇူလိုင် ၁၄ ရက်မှ သြဂုတ် ၄ ရက်နေ့ထိ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက်(၃) ရပ်ကွက် နှင့် ကျေးရွာအုပ်စု(၂)အုပ်စုတို့တွင် အိမ်ခြေ(၁၈၅)အိမ်၊ အိမ်ထောင်စု (၁၈၇)စု၊ လူဦးရေ(၇၁၈)ဦးတို့မှာ ရေဘေး လွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရကြောင်း သိရ သည်။
ကြာနီကန်ရပ်ကွက်ရှိ အိမ်ခြေ(၄၇)အိမ်၊ အိမ်ထောင်စု(၄၉)စု လူဦးရေ(၁၇၉)ဦးတို့မှာ သြဂုတ် ၁၂ ရက် နေ့က မိမိတို့၏နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး ပြောင်းရွှေ့ရန် ကျန်ရှိအိမ်ထောင်စု များ ဖြစ်ကြသည့် ယွန်းတန်းရပ်ကွက်ရှိ အိမ်ခြေ(၁၁၃)အိမ်၊ အိမ်ထောင်စု(၁၁၃)စု၊ လူဦးရေ(၄၅၉)ဦး၊ သက်ရပ်တောရပ်ကွက်ရှိ အိမ်ခြေ(၉) အိမ်၊ အိမ်ထောင်စု(၉)စု လူဦးရေ(၃၁)ဦး၊ မင်းတန်း ကျွန်း အုပ်စုရှိ အိမ်ခြေ(၁၀)အိမ်၊ အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၃၀)ဦး၊ မမဲအုပ်စုရှိအိမ်ခြေ(၆)အိမ် အိမ်ထောင်စု(၆)စု လူဦးရေ(၁၃)ဦး စုစုပေါင်း အိမ်ခြေ(၁၃၈)အိမ်၊ အိမ်ထောင်စု(၁၃၈)စု၊ လူဦးရေ(၅၃၉)ဦး မူလနေထိုင်ရာ နေအိမ်များသို့ ယမန်နေ့က ပြန်လည် ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
အဆိုပါပြန်လည် ပြောင်းရွှေ့ နေအိမ်များနှင့် ခေတ္တယာယီစခန်းများကို ကျန်းမာရေးဦးစီးဌာနနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ အဘိတ်ဆေးခတ်ခြင်း၊ ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)