ဓနုဖြူ အောက်တိုဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်လူမှုဝန်ထမ်းဦးစီးဌာနမှ စေတနာ့ဝန်ထမ်းများအား စားစရိတ်နှင့် စက်သုံးဆီ ဖိုးများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့၊ ယမန်နေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ ဦးအေးကိုတင့် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ချိုဦး၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်း၊ မြို့နယ ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်လွင် ၊ မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်နှင့်ဓနုဖြူမြို့နယ်မှ စေတနာ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်မှ အဖွင့်အမှာစကား ပြောကြားပြီး စေတနာ့ဝန်ထမ်း(၁၀၈)ဦး၏ စားစရိတ်နှင့် လူနာတင် ယာဉ်(၄)စီးအတွက် စက်သုံးဆီဖိုး၊ စုစုပေါင်း ထောက်ပံ့ပေးငွေ(၁၃၄၆၄၀၀၀ ကျပ်)ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)