ငဖဲ အောက်တိုဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများအား တတိယအသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမနေ့အဖြစ် စတင်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်မှ ဦးဆောင်ကြီးကြပ်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ပြီး မြို့မရပ်ကွက်၊ ကျောင်းတွင်းရပ်ကွက်၊ ဇီးတော၊ ပေကုန်း၊ ချောင်းဖြူ၊ ပင်ဦး၊ မြစ်ဖျား၊ ရှောက်တောင်၊ ပန်းတိမ်း၊ ပဒါန်းနှင့် သာယာကုန်း ကျေးရွာများမှ လာရောက်ထိုးနှံသူ ပြည်သူ စုစုပေါင်း (၁၃၆၅)ဦးရှိကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် (ပထမ)အကြိမ်ထိုးနှံရန် ဆေးအလုံးရေ(၅၀၀)ရရှိပြီး လူဦးရေ (၂၅၀၀)ဦးကို ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)