ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် အသက်၁၂နှစ် အထက်ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေး ညှိနှိုင်းဆွေးနွေး

ညောင်တုန်း အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရန် ကျန်ရှိနေသည့် အသက်၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်ပညာရေးမှူး၊ တာဝန်ခံဆရာ၊ ဆရာမများက တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ရာ  မြို့နယ်အတွင်းရှိ  ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် အသက်၁၂နှစ်အထက် ကျောင်းသား /ကျောင်းသူများ အမြန်ဆုံးကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် မိဘ၊ ဆရာစည်းရုံး ဆောင်ရွက်ရေး၊ ရပ်ကွက်/ ကျေးရွာများမှ အသံချဲ့စက်ဖြင့်နှိုးဆော်ရေးနှင့် သွားလာရ ခက်ခဲသော ကျောင်းများသို့ မိုဘိုင်းဆေးထိုး အဖွဲ့များစေလွတ်၍ ကာကွယ် ဆေး‌ထိုးနှံပေးရေး တို့ကို ညှိနှိုင်းဆွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)