ဆင်ပေါင်ဝဲမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပုလဲရတနာခန်းမဆောင်သစ် ဆောက်လုပ်မှု ၇၅ ရာနှုန်း ပြီးစီး

ဆင်ပေါင်ဝဲ    ဩဂုတ်  ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပညာရေးကဏ္ဍ၌လည်း အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆင်ပေါင်ဝဲ မြို့အခြေခံပညာ အထက်တန်း ‌ကျောင်းတွင် ပုလဲရတနာခန်းမဆောင် တစ်ထပ်အဆောက်အဦသစ် ဆောက်လုပ်လျက်ရှိသည်။

အဆိုပါ အဆောက်အဦကို ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၅၄၃၉၀၀၀၀/- (ငါးရာလေးဆယ်သုံးသိန်းကိုးသောင်း)ဖြင့် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလက စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အလျား ၁၀၀ ပေ၊အနံ ၄၀ ပေ၊ တစ်ထပ်အမျိုးအစားဖြစ်ပြီး ယနေ့အထိ လုပ်ငန်းတစ်ခုလုံး၏ ပြီးစီးမှုမှာ ၇၅ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း သိရသည်။

အဆောက်အဦဆောက်လုပ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာလဖြစ်သည့်အတွက် အလုပ်သမား များခေါ်ယူရာ တွင် အခက်အခဲအနည်းငယ်ရှိသော်လည်း သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းပြီးစီးရန် သတ်မှတ်ထားသော ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလအတွင်း ပြီးစီးအောင်ဆောက် လုပ်နိုင်ရေး ပညာရေးဝန်ကြီးဌာန၏ ကြီးကြပ်လမ်း ညွှန်မှုတို့နှင့်အတူအချိန်မီ ပြီးစီးအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တာဝန်ခံဆောင် ရွက်လျက်ရှိသည့် အာသာဝဏီကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာ ဦးရန်နောင်စိုး၏ ပြောကြားချက်အရ သိရှိရသည်။

အိဖြူဖြူမောင်(ပြန်/ဆက်)