တမူးမြို့နယ်စပ်ဂိတ်မှ နေရပ်ပြန် ပြည်သူ (၂၅) ဦး ထပ်မံဝင်ရောက်

တမူး သြဂုတ် ၁၉

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် တမူး-မိုးရေး အပြည်ပြည်ဆိုင်ရာဝင်ပေါက်၊ အမှတ်(၁) စစ်ဆေးရေးဂိတ်မှ ယမန်နေ့ နေ့လယ် (၁)နာရီ (၁၀) မိနစ်အချိန်က နေရပ်ပြန် ပြည်သူ (၂၅) ဦး ထပ်မံဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများအား ခရိုင်အုပ်ချုပ်​ ရေးမှူး ဦးကျော်ဝင်းဦး၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက နယ်စပ် စစ်ဆေးရေးဂိတ်တွင် လဝကလုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ခြင်း၊ ကိုယ်အပူချိန်တိုင်း တာစစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ နှာခေါင်းစည်း (Mask) များ ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး တမူးမြို့၊ နယ်စပ်လမ်းဖောက်လုပ်ရေးစခန်း (BRTF) Quarantine Centreတွင် ကန့်သတ်စောင့်ကြည့်ရန်ပို့ဆောင်ခဲ့ပြီး လည်းကောင်းတို့၏ အာခေါင်တို့ဖတ်နမူနာများအား မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ နေရပ်ပြန်ပြည်သူများမှာ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၅) ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၁) ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁) ဦး၊ ချင်းပြည်နယ်မှ (၇) ဦး၊ ကချင်ပြည်နယ်မှ (၁) ဦး စုစုပေါင်း (၂၅) ဦးဖြစ်ပြီး အလည်အပတ်သွားရောက်သူများ၊ ဘာသာရေး သင်တန်း တက်ရောက်သူများနှင့် လူမှုရေးကိစ္စသွားရောက်သူများ ဖြစ်ကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)