ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ရှမ်းရွာသစ် ဩဂုတ် ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ မဲသမူးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မဲသမူးကျေးရွာတွင် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျှက်ရှိ ကြောင်း သိရှိရသည်။

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က နိုင်ငံတော်အစိုးရအနေနဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ မိသားစုစားဝတ်နေရေးအဆင်ပြေစေရေးနှင့် အလုပ် အကိုင်အခက်အခဲဖြစ်ခဲ့မှုအပေါ် ယခုလိုငွေကြေးထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း  ထောက်ပံ့ငွေပေးအပ်ရခြင်းေရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် မဲသမူးကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၂၈၂) စုတို့အတွက် တစ်စုလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၅၆၄၀၀၀၀) ကျပ်ကို မြို့အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)