မြို့သစ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ

မြို့သစ် သြဂုတ် ၁၉

မကွေးခရိုင် ၊  မြို့သစ်မြို့နယ်တွင် ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို   ယမန်နေ့နံနက်  ၉  နာရီက  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး  လူမှုဝန်ထမ်းဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်  ဆတ်သွား ကျေးရွာ    အခြေခံပညာမူလ တန်းကြိုကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်ယုဇနထွေးမှ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကိုနိုင်မှ   ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ ပြစ်မှုများတွင်   အာမခံပေးနိုင်သည့်  ပြစ်မှုများနှင့် အာမခံပေးမရသည့် ပြစ်မှုများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့သည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးသို့   မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး ၊ မြို့နယ်ရဲတပ်မှူး ရဲမှူးအောင်ကိုနိုင်နှင့် ဌာ န ဆိုင်ရာ တာဝန်ရှိသူများ၊ NGO အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)