ခန္တီးမြို့အတွင်း မြစ်ရေဝင်ရောက်လာနိုင်သဖြင့် ဈေးအတွင်းမှပစ္စည်းများ သယ်ယူနိူင်စေရန် ဈေးတံခါးများ ဖွင့်ပေးထား

ခန္တီး သြဂုတ်  ၁၈

ခန္တီးမြို့ အောင်သာရေထိမ်းတံခါးမှ ချင်းတွင်းမြစ်ရေများကျော်လွန် ဝင်ရောက်နေပြီဖြစ်သဖြင့် မြို့တွင်းသို့လည်း  မြစ်ရေ ဝင်ရောက်လာနိုင်သည့်အတွက် ဈေးအတွင်းမှပစ္စည်းများ သယ်ယူနိူင် စေရန် ဈေးတံခါးများဖွင့် ပေးထားပါကြောင်း ခန္တီးမြို့ စည်ပင်သာယာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

''ဒီနေ့က လကွယ်ဥပုသ်နေ့မို့လို့ ဈေးပိတ်ထားတာ။ ခုအောင်သာရေထိန်းတံခါးမှာ ရေကျော်နေပြီဖြစ်တဲ့ အခါကျတော့ ညမှာ မြို့တွင်း ရေဝင်နိုင်တယ်လေ။ အဲဒါကြောင့် ဈေးသူ၊ ဈေးသားများ က သူတို့ ပစ္စည်းများရွှေ့နိုင်အောင် ဈေးတံခါးများ ဖွင့်ပေးတာပါ'' ဟု ခန္တီးမြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြောသည်။

အမ်းအင်းလမ်း (ပြန် /ဆက်)