ခန္တီး သြဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့ ညနေ ၃ နာရီခွဲတိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၁၃၉၇ စင်တီမီတာ အထိ မြင့်တက်လာပြီး ခန္တီးမြို့၏ စိုးရိမ်ရေမှတ်သည် ၁၃၆၀ စင်တီမီတာဖြစ်သဖြင့် စိုးရိမ်ရေမှတ်ထက် ၃၇ စင်တီမီတာ ကျော်လွန်မြင့်တက်နေပြီဖြစ်ကြောင်း ခန္တီးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။
ယနေ့ နံနက် ၁၁ နာရီခွဲတိုင်းထွာချက်အရ ၁၃၅၁ စင်တီမီတာ ၁၂ နာရီခွဲတိုင်းထွာချက်အရ ၁၃၆၅ စင်တီမီတာဖြစ်ဖြင့် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ယနေ့ မွန်တည့် ၁၂ နာရီခွဲအချိန်လောက်မှစ၍ စိုးရိမ်ရေမှတ် ကျော်လွန်မြင့်တက် နေခြင်းဖြစ်ကြောင်း သိရသည်။
ခန္တီးမြို့ ခန္တီးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံး၏ ယနေ့ နံနက် ၉ နာရီခွဲအချိန် မိုးရေချိန်မှာ ၃ ဒသမ ၃၁ လက်မဖြစ်ပြီး ယမန်နေ့ နံနက် ၉ နာရီခွဲတိုင်းထွာချက်မှာ မိုးရေချိန်မှာ သုည ဒသမ ၉၄ လက်မဖြစ်ကြောင်း သိရသည်။
အမ်းအင်းလမ်း (ပြန် /ဆက်)