ပုလဲမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၃၀၀၀၀ ကျော်အတွက် နိုင်ငံတော်အစိုးမှ ထောက်ပံ့သည့် ငွေများကို အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက်ပေးအပ်

ပုလဲ ဩဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊  ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ  ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု ၃၀၀၀၀ ကျော်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ငွေများကို ယနေ့မှစတင်၍  အိမ်ထောင်စုများထံသို့ လက်ဝယ် အရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။

ပုလဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်က “ ပုလဲမြို့နယ်အတွင်းရှိ  ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု ၃၀၀၀၀ ကျော်အတွက် အိမ်ထောင်စုတစ်စုလျှင်ငွေကျပ် ၂၀၀၀၀နှုန်းဖြင့် နိုင်ငံတော် အစိုးရမှ ထောက်ပံ့ သည့်ငွေများကို အိမ်ထောင်စုများထံသို့  လက်ဝယ်အရောက် ပေးအပ်နိုင်ရေး ယနေ့ နံနက်၉နာရီက ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ပါတယ်။  ထောက်ပံ့ငွေများကို  အိမ်ထောင်စုများထံသို့   လက်ရောက် ပေးအပ် နိုင်ရေးနှင့်နိုင်ငံတော်ဘဏ္ဍာ လေလွင့်မှုမရှိစေရေးအတွက်ကိုလည်း စနစ်တကျ စီမံဆောင်ရွက်ပေးထားပါတယ်။ စုရပ် (၁)မှာ ပါဝင်တဲ့ရပ်ကွက် ၂ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၁၉ အုပ်စုရှိ  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၁၀၉၆၆ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ်၂၀၀၀၀နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၁၉၃၂၀၀၀၀ ကို  မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများရဲ့ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက်  ပေးအပ်လျက်ရှိပါ တယ်။

စုရပ်(၂)မှာ ပါဝင်တဲ့ ကျေးရွာအုပ်စု ၁၂ အုပ်စုရှိ အိမ်ထောင်စု၆၅၅၃စုအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ်၁၃၁၀၆၀၀၀၀ကို  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများရဲ့ကြီးကြပ်မှုဖြင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ရပ်မိရပ်ဖများက အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက်  ပေးအပ်လျက်ရှိပါတယ်။  စုရပ် (၃) မှာ  ပါဝင်တဲ့ ကျေးရွာအုပ်စု ၁၁အုပ်စုရှိ အိမ်ထောင်စု ၄၈၈၅စုအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၉၇၇၀၀၀၀၀ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ  ဦးညီညီနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများရဲ့ကြီးကြပ်မှုဖြင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက အိမ်ထောင်စုများထံသို့   လက်ဝယ် အရောက်  ပေးအပ်လျက်ရှိပါတယ်။  စုရပ်(၄)မှာ ပါဝင်တဲ့ကျေးရွာ အုပ်စု  ၁၇ အုပ်စုရှိ အိမ်ထောင်စု ၁၀၃၁၁ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ်၂၀၀၀၀နှုန်းဖြင့် စုစုပေါင်း ငွေကျပ်  ၂၀၆၂၂၀၀၀၀ ကို   မြို့နယ်စည်ပင် သာယာရေးအဖွဲ့   အမှုဆောင်အရာရှိ ဒေါ်မော်တူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများရဲ့     ကြီးကြပ်မှုဖြင့်    ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊   ရပ်မိရပ်ဖများက  အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက် ပေးအပ်လျက်ရှိပါတယ် ” ဟု ပြောပြ ခဲ့သည်။

ပုလဲမြို့နယ်တွင် ရပ်ကွက် ၂ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၉အုပ်စု၊  ကျေးရွာ ၁၉၁  ရွာရှိပြီး ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံ လူတန်းစားအိမ်ထောင်စု ၃၂၇၁၅စုအတွက် နိုင်ငံတော်အစိုးရမှ   အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၆၅၄၃၀၀၀၀၀ ကို   ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက်ပေးအပ်လျက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)