ဝက်လက် သြဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူ စွမ်းဆောင် ရည်မြင့်မားရေးသင်တန်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့မစိုက်ပျိုးရေး နည်းပညာပြန့် ပွားရေးစင်တာတွင် ကျင်းပ ပြုလုပ်သည်။
အဆိုပါသင်တန်းတွင် ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမိုးကျော်က CERP အစီအစဉ်ဖြင့် ဆောင်ရွက်မည့် မိုးစပါးမျိုးသန့်မျိုးစေ့ စိုက်ပျိုးနည်း ပညာများ အကြောင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူလွင် (မြို့နယ်မျိုးစေ့တာဝန်ခံ) မှ မျိုးကွဲ ပယ်ရမည့် နည်းလမ်းများအကြောင်း အသေးစိတ် ရှင်းလင်း ပို့ချခဲ့ကြသည်။
သင်တန်းသို့ မြို့မစိုက်ပျိုးရေး နည်းပညာပြန့်ပွားရေး စင်တာအတွင်းရှိ ကျေးရွာအုပ်စု (၈) အုပ်စုမှ မျိုးသန့်မျိုးစေ့ ထုတ်တောင်သူ (၆၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အိမွန်ထွန်း(ဝက်လက်)