ခင်ဦး ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား စတုတ္ထ အကြိမ် ထောက်ပံ့ငွေများကို ဩဂုတ်လ ၁၈ ရက် မွန်းလွှဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပထမအကြိမ်တွင် အခြေခံစားကုန်ပစ္စည်း (၅) မျိုးကို အိမ်ထောင်စု (၁၇၈၉၅) စုကို လည်းကောင်း၊ ဒုတိယအကြိမ်တွင် ငွေကျပ် (၁၅၀၀၀) နှုန်းကို အကြောင်းအမျိုးမျိုးကြောင့် ကျန်ရစ်ခဲ့သည့် အိမ်ထောင်စု (၇၂၆၂) စုကို လည်းကောင်း၊ တတိယအကြိမ်တွင် အဆိုပါ အိမ်ထောင်စု စုစုပေါင်း (၂၅၁၅၇) စုကို ငွေကျပ် (၂၀၀၀၀) နှုန်းကို လည်းကောင်း၊ စတုတ္ထ အကြိမ်တွင် ၎င်းအိမ်ထောင်စုများအတွက် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၅၀၃၁၄၀၀၀၀) ကို ထောက်ပံ့ ပေးတာဖြစ်ပြီး ထောက်ပံ့ရာတွင်လည်း တိကျမှန်ကန်စွာ ရရှိစေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ကျေးရွာအလိုက် တာဝန်ခွဲဝေ ချထားပေးပြီး ဌာနဆိုင်ရာအကြီးအကဲများက ဦးဆောင်ကြီးကြပ်၍ ထောက်ပံ့ငွေများကို ပြည်သူများထံ လက်ဝယ် အရောက် ခွဲဝေပေးလျက်ရှိကြောင်း မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးချိုလင်းအောင် ထံကသိရသည်။
စိုးဝေအောင်(ခင်ဦး)