ကျိုက်လတ်မြို့နယ် အရှေ့ဆင်ကူးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ဆောင်ရွက်

ကျိုက်လတ်   အောက်တိုဘာ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အား ဦးစီးဌာနရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အရှေ့ဆင်ကူးကျေးရွာအုပ်စုတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် အရှေ့ဆင်ကူးကျေးရွာရှိ ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ထုတ်ပေးနိုင်ရေး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ် ရေးကတ်ပြား ကျား(၂)၊ မ(၁)ဦး ပေါင်း(၃) ဦး၊ ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကပ်ပြား ကျား (၉) ဦး မ(၁၂) ဦး ပေါင်း(၂၁)ဦး၊ ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကပ်ပြား ကျား(၃၄)ဦးမ(၃၁)ဦး ပေါင်း(၆၅)ဦး၊ နှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးမိတ္တူထုတ်ပေးမှု ကျား (၂၂) ဦး မ(၁၄)ဦး ပေါင်း(၃၆)ဦး၊ စုစုပေါင်း ကျား(၆၄)ဦး၊ မ(၅၈) ဦး စုစုပေါင်း (၁၂၅) ဦး ထုတ်ပေးခဲ့ကြောင်းသိရသည်။

ဌေးဌေးလှိုင်

ကျိုက်လတ်(ပြန်/ဆက်)